CATV စနစ်ကို ရုပ်မြင်သံကြားစတင်ပေါ်ပေါက်လားကတည်းက အသုံးပြုခဲ့ကြပါသည်။သာမန်အားဖြင့် အင်တာနာဖြင့် ရုပ်သံစက်ရုံမှ ထုတ်လွှင့်သော ရုပ်သံလိုင်းများကို ဖမ်းယူမရရှိသောနေရာ သို့မဟုတ် ဖမ်းယူပြီး ကြည့်လိုသော အိမ်များအတွက် ကြိုးဖြင့်သွယ်တန်းပေးပို့ရာမှ (Community Antenna Television) စနစ်အဖြင့် ခေါ်ခဲ့ပါသည်။ နောင်အခါ ရုပ်သံလွှင့် အစီအစဉ်များသာမက ရုပ်ရုင် များနှင့် အခြားအစီအစဉ်များ ကိုပါ ဆောင်ရွက် လာကြပါသည်။ ထိုသို့ဖြင့် CATV စနစ်ထွန်းကားခဲ့ရာ ယခုအခါ စုပေါင်းအိမ်ယာများ အထပ်မြင့် အဆောက်အဦး များ ရှိ အခန်းများအတွင်း off-air TV လိုင်းများ ဂြိုလ်တုလိုင်းများဖြန့် ဝေသည့် CATV စနစ် သို့မဟုတ် SMATV ခေါ်ဝေါ်သောစနစ် အသုံးပြုလာခဲ့ကြပါသည်။ ၎င်း CATV , MATV , SMATV စနစ်တွင် အဓိကအားဖြင့် ( ၂ ) ပိုင်းရှိပါသည်။ Headend ပိုင်းနှင့် distribution ပိုင်းတို့ဖြစ်ပြီး Headend ပိုင်းတွင်း စက်ကိရိယာများ တပ်ဆင်ပြီး ရုပ်သံလှိုင်းများ ရယူခြင်း၊ ဖြန့်ဝေနိုင်ရန် စီစဉ်ခြင်း ( processing) တို့ကို ဆောင်ရွက်ပါသည်။ Distributiion ပိုင်းတွင်မူ ရောက်ရှိလိုသော အခန်းများသို့လုံလောက်သော signal ရရှိရန် coaxial ကြိုးများဖြင့် သွယ်တန်းဖြန့်ဝေပေးသော အပိုင်းဖြစ်ပါသည်။

...

Analog CATV စနစ်

...

Digital CATV စနစ်

...

RF Distribution စနစ်

...

Multi-Switch စနစ်

...

IPTV စနစ်